Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label MOBILE NEWS. Show all posts
Showing posts with label MOBILE NEWS. Show all posts

Tuesday, December 31, 2013

၂၀၁၃ ခုနှစ် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Huawei တံဆိပ် လူသုံးအများဆုံးအဖြစ် ဆက်လက်တည်ရှိ


ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်၌ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး၏ အရောင်းရဆုံး ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယင်းတို့ထဲတွင် Huawei အမှတ်တံဆိပ် ဟန်းဆက်များက အရောင်းရဆုံး ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများထံမှ စုံစမ်းသိရသည်။
 
 ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့များ၏ မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Huawei အပြင် ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းများက ယခုနှစ်၏ လူသုံးအများဆုံး ဟန်းဆက်များအဖြစ် ဈေးကွက်အတွင်း ယမန်နှစ်ကအတိုင်း ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်ဟု အထက်ပါလုပ်ငန်း လုပ်ကိုင်နေသူများက တညီတညွတ်တည်း ပြောသည်။ 
 
တရုတ်(တိုင်ပေ)မှ တင်သွင်းသည့် HTC အမှတ်တံဆိပ် ဖုန်းအိမ်များမှာမူ Huawei နှင့် ZTE တံဆိပ်များလောက် အရောင်းမသွက်သော်လည်း အရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင်မူ အဆိုပါအမှတ်တံဆိပ် ဟန်းဆက်များထက် သာလွန်မှုရှိသဖြင့် တတိယနေရာမှ လိုက်နေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင် အချို့က သုံးသပ်ပြောကြားသည်။ 
 
ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း အခြေခံလူတန်းစား အများစုတတ်နိုင်သည့် နှုန်းထားများဖြစ်နေခြင်းကြောင့် Huawei နှင့် ZTE တံဆိပ်များကိုသာ အများဆုံး ရွေးချယ်ရခြင်းဖြစ်ကြောင်း သုံးစွဲသူများက ပြောသည်။ Huawei ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ၄င်းတို့၏ သီးသန့်ဝန်ဆောင်မှု စင်တာများကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ထိုအမှတ်တံဆိပ် ဟန်းဆက်များကို ပိုမိုချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သိရသည်။
 
 မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာသော်လည်း အခြေခံလူတန်းစားများ၏ အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်ထုတ် ဟန်းဆက်များကို လူသုံးများရခြင်း ဖြစ်သည်။ ထို့ကြောင့် Huawei ကဲ့သို့သော တရုတ်မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ဈေးကွက်ကို အများဆုံး ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းလုပ်ငန်းရှင် တချို့က သုံးသပ်ကြသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
khit lu nge
 
Ref: http://www.myanmarcnn.com

Thursday, October 24, 2013

Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်

ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Samsung ၏ Galaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။

Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။

Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။
 
Ref : http://www.myanmarinternetjournal.com

Samsung Galaxy S4 အလုံးရေ သန်း ၄၀ ရောင်းချခဲ့ပြီးဖြစ်

Samsung Galaxy S4 ကို စတင်ရောင်းချခဲ့တာ ၆ လပြည့်ပြီးချိန် စာရင်းထုတ် ကြေညာချက် အရ အလုံးရေ သန်း ၄၀ ရောင်း ချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
အလုံးရေ သန်း ၅၀ ပြည့်ဖို့အတွက် ဦးတည်နေပါတယ်။ ဒါကြောင့်မို့ တစ်နစ်တာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်စေ ရန်လည်း Samsung တို့ မျှော်လင့်လျက် ရှိပါတယ်။ ထုတ်လုပ်မှု တိုးမြင့် လျက် ရှိပြီး ကမ္ဘာတစ်လွှားမှ ဝယ်လိုအားလည်း များပြားနေပါတယ်။ ယခင် က Record လုပ်ထားတဲ့ ၇ လအတွင်း Samsung Galaxy S3 အလုံးရေ သန်း ၄၀ ရောင်းချနိုင်တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
Samsung Galaxy S4 ရောင်းအားနဲ့အတူ အခြား မော်ဒယ်မြင့်ဖုန်း နဲ့ မော်ဒယ်နိမ့်ဖုန်း အမျိုးအစား အားလုံး ရောင်းအား မြင့်တက်လျက်ရှိပြီး ကုမ္မဏီရဲ့  Operating Profit ရော Total Revenue လည်း မြင့်တက်နေ ပါတယ်။ ဒါကြောင့်မို့ ၂၀၁၃ ခုနှစ်မှာလည်း ရောင်း အား အကောင်းဆုံး စမတ်ဖုန်း ထဲမှာ Samsung ကုမ္မဏီကပဲ စံချိန်တင်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
Aung Ko Htet

Monday, October 14, 2013

Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ

iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝယ်လိုအား ကျဆင်းလာ မှုကြောင့် ဖြစ်ပါတယ်။


စထုတ်တဲ့ ရက်ပိုင်းအတွင်း အင်မတန် မြင့်တက်ခဲ့တဲ့ ရောင်းအားကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ထားကြပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် iPhone 5C ရောင်းအားဟာ ထင်ထားတာထက် တစ်ဝက်နီးနီးတောင် ကျနေပါတယ်။ ဒါကြောင့် တရုတ်ပြည်က စက်ရုံမှာ iPhone 5C ထုတ်လုပ်တဲ့ အလုံးရေကို တစ်ရက် ၃ သိန်းကနေ ၁ သိန်းခွဲအထိ လျော့ချလိုက်ပါပြီ။ တစ်ဝက်တိတိလျော့ချလိုက်ခြင်း ဖြစ် ပါတယ်။ iPhone 5S ကတော့ ရောင်းအား သိပ်မကျသေးပါဘူး။

အကြောင်းအရင်း ပြန်စစ်တမ်းကောက်ကြည့်ရာမှာ ရရှိလာတဲ့ သတင်းကတော့ iPhone နောက်ထွက်ဖုန်းများရဲ့  အင်မတန်မြင့်မား တဲ့ ဈေးများကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ ရွှေ၊ငွေ တပ်ဆင်အလှ ဆင်ထားခြင်း မရှိတဲ့ ရိုးရိုး စမတ်ဖုန်း Market ဟာ iPhone ဟာ ဈေးအကြီး ဆုံး စံချိန်တင်နေပါတယ်။ အထူးသဖြင့် iPhone 5S ပါ။ ဒါကြောင့် iPhone 5S နဲ့ 5C ထုတ်လုပ်မှု အရေအတွက်ကို Apple တို့ လျော့ချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

Saturday, September 28, 2013

Samsung Galaxy Note 3 Vs Samsung Galaxy Noet 2 Review


 
Android တွေထဲမှာနောက်ဆုံးထွက် product ဖြစ်တဲ့ Galaxy Note 3 အကြောင်းကို Note 2 နဲ့နှိုင်းယှဉ်ပြီး review အဖြစ် ရေးပေးလိုက်ပါတယ်ဗျာ။
Specification 

Note 3

Screen Size                 5.7 inches
CPU                           Quad-core 2.3 GHz Krait 400 (LTE model)/ Quad-core 1.9 GHz
                                 Cortex-A15 & quad-core 1.3 GHz Cortex-A7 (3G model)
Storage                      32/64 GB Storage, 3GB RAM, micro SD , up to 64 GB
Camera                      13 Megapixel (4128 x 3096 pixels)
Operating System        Android OS, v4.3 (Jelly Bean)
Battery Life                 Li-lon 3200 mAh battery

Note 2

Screen Size               5.5 inches
CPU                         Quad-core 1.6 GHz Cortex-A9
Storage                   16/32/64 GB storage, 2GB RAM, micro SD, up to 64 GB
Camera                   8 Megapixel (3264 x 2448 pixels)
Operating System     Android OS, v 4.1.1 (jelly bean) , upgradeable to 4.1.2 (jelly bean)
Battery Life              Li-lon 3100 mAh battery

Build

Note 3 ဟာ 151.2 x 79.2 x 8.3 mm အရွယ်အစားရှိပြီး Note 2 ထက် ပိုပါးလွှာတယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် 5.7 လက်မ display ပါဝင်ပြီး ပိုကြီးလာတဲ့အတွက် ပိုပါးလွှာမှုဟာ အထင်ကြီးစရာကောင်းပါတယ်။
ဒါ့အပြင် 168 ဂရမ်သာ အလေးချိန်ရှိပြီး Note 2 ထက် 12 ဂရမ် ပိုပေါ့လာတာကိုတွေ့ရပါတယ်။ Note 2 ဟာ 9.4 mm အထူရှိတာကိုတွေ့ရပါတယ်။ Note 3 ရဲ့ ကျောဘက်ကိုလည်း လက်ထဲမှ နူးနူးညံ့ညံ့ ကိုင်နိုင်တဲ့ soft touch ပုံစံမျိုးနဲ့ဒီဇိုင်းဆင်ထားပါသေးတယ်။


Processor

Galaxy Note 3 ဟာ Hardware ပိုင်းကို အထူးမြှင့်တင်ထားပြီး 3G model မှာတေ့ 1.9 GHz octa.core procesor နဲ့ 4G/ LTE version မှာတော့ 2.3 GHz Qualcomm quad cord processor ကိုသုံးထားပါတယ်။ ဒါ့အပြင် RAM ကို 3 GB RAM ထည့်သွင်းပေးထားပြီး သိုလှောင်နိုင်မှုပမာဏ 32 GB, 64 GB နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်သလို micro SD နဲ့ 64GB ထိလည်း ထပ်မံ တိုးမြှင့်နိုင်ပါတယ်။ Note 3 မှာ အသစ်ပါဝင်လာတာကတော့ Air command function ဖြစ်ပြီး screen ပေါ်မှာ SPen ကိုမထိဘဲထားပြီး ဘေးက ခလုတ်ကိုနှိပ်ရုံနဲ့ menu တက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android 4.3 ကိုသုံးထားတာဖြစ်ပြီး Note 2 မှာ ဒီ version ကိုမြှင့်လို့မရသေးပါဘူး။ ဒါပေမဲ့  Note 3 ကိုပဲ ကြည့်ပြီး Note 2 ကို သိပ်ညံ့တယ်လို မထင်လိုက်ပါနဲ့။ Note 2 မှာ 1.6 GHz quad core processor နဲ့ 2 GB RAM တို့ပါဝင်ပြီး အကောင်းဆုံးတွေထဲက နေရာတစ်ခုကိုယူထားဆဲပါ။




Screen

Note 3 မှာ အဓိက သတိထားမိမှာကတော့ 5.7 လက်မထိမြှင့်တင်လိုက်တဲ့ display ပဲဖြစ်ပြီး Full HD 192.1 x 1080 pixel နဲ့ 368 ppi ရှိတဲ့ Super AMOLED panel ပဲဖြစ်ပါတယ်။ Note 2 ကလည်း 5.5 လက်မ HD Super AMOLED screen ပဲဖြစ်ပြီး စိုပြေတဲ့အရောင်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ Note 3 ဟာ 6 လက်မ အရွယ်ကို နီးလာနေပြီး အနာဂတ်မှာဒီ့ထက်ပိုကြီးလာမယ့် သဘောရှိနေပါတယ်။



Camera

Note 2 ရဲ့ အဓိကကင်မရာဟာ 8 megapixel ရှိပြီး screen ပေါ်မှာ ချိန်ညှိနိုင်တဲ့  autofocus နဲ့ LED Flash တို့ ပါဝင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ HD ဗီဒီယိုရိုက်ကူးနိုင်ပြီး အဓိကကင်မရာဟာ 13 megapixel ရှိလာသလိုအားလုံးမျှော်လင့် ကြသလို ပဲ Ultra HD 4K ဗီဒီယို ကို 30 fps နဲ့ရိုက်ကူးနိုင်ပြီး Full HD ကို 30 fps , slow motion 120 fps စတာတွေနဲ့ရိုက်နိုင်ပါတယ်။ ရှေ့ဘက်မှာ 2 MP ကင်မရာ ပါဝင်ပါတယ်။ Samsung ရဲ့ Dual Shot, Dual Recording နဲ့ Dual Video Call စတဲ့ Feature တွေလည်းပါဝင်ပါတယ်။ Note 3 ဟာ space တွေအရတော့ ကင်မရာပိုင်းကို အထူးမြှင့်တင်ထားပါတယ်။




Operating System
Note 2 ကော 3 ပါ Android ကိုအခြေခံပြီး Samsung ရဲ့ Toch Wiz ပါဝင်ပါတယ်။ Note 3 မှာတော့ အရင် Feature တွေအပြင် new magazine နဲ့ SPen သုံးစွဲနိုင်တဲ့ ပုံစံသစ်တွေပါဝင်သလို SNote ကိုပဲ ဒီဇိုင်း ပြောင်းလဲ ထားတယ်။ Samsung ရဲ့ စမတ်နာရီ Galaxy Gear ဟာ Note 3 နဲ့ တစ်ခါတည်း တန်းပြီး အလုပ်လုပ်နိုင်ပါလိမ့်မယ်။


သုံးသပ်ချက်

Samsung ရဲ့ Galaxy Note 3 ဟာလက်ရှိ Galaxy devices တွေထဲမှာ အင်အားအကောင်းဆုံးလို့ဆိုရမှာဖြစ်ပြီး ဈေးနှုန်းနဲ့အရည်အသွေးထိုက်တန်တာကိုတွေ့ရပါတယ်။ ခပ်ကြီးကြီး ဖုန်းတစ်လုံး ကို feature စုံစုံလင်လင်နဲ့ခပ်မြန်မြန်လေးသုံးချင်တယ်ဆိုရင် Note 3 ဟာ ပထမဆုံး ရွေးချယ်စရာပါ။

ကိုးကား >>>> Net Guide ဂျာနယ်

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)

Wednesday, September 25, 2013

ကွေးကောက်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း Samsung မိတ်ဆက်မည်


လာမယ့် အောက်တိုဘာလအတွင်း ကွေးကောက်နိုင်တဲ့ ဖန်သားမျက်နှာပြင် အသုံးပြုထားသော စမတ်ဖုန်း တစ်မျိုးကို Samsung တို့ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung Galaxy Note 3 ကတော့ထွက်သွားပါပြီ။ Galaxy Gear နာရီကို  မျက်နှာပြင် အပျော့နဲ့မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ၁.၆၃ လက်မ OLED နဲ့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါပြမှာ ကတော့ စမတ်ဖုန်းပါ။ အကယ်၍သာ Samsung Galaxy စီးရီးထဲကိုပဲ ပါလာအုံးမယ်ဆိုရင်Note 3 နဲ့ S4 ရောင်းအားအပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာ မသိနိုင်သေးပါဘူး။ ဒါကြောင့်လဲ မျက်နှာပြင်ကလွဲလို့ ကျန်တဲ့ စက်ပစ္စည်း အသေးစိတ် Specification တွေကို Samsung တို့ ကြိုတင်ကြေညာမှု မပြုလုပ်ရသေးခြင်းပါ။

ပြီးခဲ့တဲ့ ၂၀၁၂ CES မှာလည်း မျက်နှာပြင် အပျော့ LED ဖန်သားပြင်တွေကို ပြသခဲ့ပြီးပါပြီ။ ဒီတစ်ခါ တော့ စမတ်ဖုန်း အနေနဲ့ မြင်တွေ့ရတော့မှာပါ။ အောက်တိုဘာမှ ပြမယ်ဆိုတော့ အနီးစပ်ဆုံးအားဖြင့် ၂၀၁၄ ခုနှစ် နှစ်လယ် လောက်မှာဈေးကွက် ရောက်နိုင်ချေ ရှိတဲ့ဖုန်းလို့ ဆိုပါတယ်။ ဖုန်းမှာတင်မက နောက်ထွက်မယ့် Samsung Galaxy Gear Smartwatch တွေကိုပါ ကွေးကောက်နိုင်သော မျက်နှာပြင်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

Samsung Galaxy Note 3 ကို အသေးစိတ်လေ့လာကြည့်ခြင်း

http://cdn.asia.cnet.com/story_media/62222450/sc001.jpg

အောင်မြင်ကျော်ကြားခဲ့တဲ့ Galaxy Note 2 ကို ထပ်မံအရည်အသွေးတိုးမြင့်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခု အချိန်မှာ ဆိုရင် ဈေးကွက်မှာ ကိုရောက်ရှိလာခဲ့ပါပြီ။

Samsung Galaxy Note 3 ဟာဆိုရင် ဘာလင် IFA ကုန်စည်ပြပွဲမှာ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး Note 2 ထက် ပိုမိုဆန်းသစ် တဲ့ Design နဲ့ လှပ သပ်ရပ်တဲ့ သားရေနောက်ဖုံးလေး တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ၄င်း Galaxy Note 3 ဟာဆိုရင်ဖြင့် အားကောင်းလှသော မောင်းနှင် အင်ဂျင် နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး LTE အတွက် Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီးတော့ GSM အတွက် Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Note 3 မှာ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Jelly Bean 4.3 ကို သုံးပြုထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Galaxy Note 3 ရဲ့ Designတွေ, Featuresတွေနဲ့ Performance တွေ  ကို အသေးစိတ်လေ့လာကြည့်ရအောင်လားဗျာ။


Design
ကျွန်တော်တို့ အနေနဲ့ Samsung Galaxy S4 နဲ့ Note 3 ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နှစ်ခုဟာ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ Samsung Galaxy Note 3 က ပိုမိုကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။ S4 လိုပဲ Note 3 မှာလဲ သတ္တုစပ် ဘောင်နဲ့ ကာထားတာ တွေ့ရမှာ ဖြစ်ပေမဲ့ ကျောဘက်မှာတော့ တောက်ပြောင်ချောမွေ့တဲ့ ပုံစံ မဟုတ်တော့ပါဘူး၊ ဖောက်သားရေ ကိုအသုံးပြုချုပ်လုပ်ထားတဲ့ Design ကိုတွေ့မြင်ရမှာပါ။

အဲ့ဒီလို Note 3 မှာ ဖောက်သားရေကို အသုံးပြုလိုက်တာက Samsung အတွက် တော်တော် ကံကောင်းစေတယ်ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျောဖက်က သားရေကာဗာလေးကြောင့့် လက်ကို အဆီမထွက်စေတော့ပါဘူး။ ကိုင်ရတာ ကြီးတာတစ်မျိုး၊ Note 2, S4 တို့လို ပလပ်စတစ်ပြောင်ချောချောကြီးဆို ကျွန်တော်တို့ ကို စိတ်ညစ်စေမှာ အမှန်ပါ။ အခုတော့ Note 3 ရဲ့ နောက် သားရေကာဗာ က ကျွန်တော်တို့ကို အဆင်ပြေစေတဲ့ အပြင် လူအထင်ကြီးစေဦးမှာ ဖြစ်ပါတယ်။
ဒါနဲ့ တစ်ဆက်ထဲ ကျွန်တော်တို့ Note 3 အတွက်ထုတ်ထားတဲ့ S View Cover အကြောင်းပါ လေ့လာကြည့်လိုက်ရအောင်။

Note 3 ၏ ကျောဖက်
(Credit: Josh Miller/CNET)

S View Cover ဟာ ဖောက်သားရေ ကာဗာ နေရာမှာ အစားထိုးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ ၈၈ ဒေါ်လာ ရှိပြီး PVC လို ပစ္စည်းမျိုးကို အသုံးပြုထားပါတယ်။ S View Cover လေးဟာ ကြိုးမဲ့ အားသွင်းခြင်းကို စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး Cover လေးကို ပိတ်လိုက်ရင်လဲ S View Window လေးကို Active ဖြစ်စေမှာ ဖြစ်ပါတယ်။ LG အမျိုးအစား G2 ဖုန်းရဲ့  Quick Window နဲ့ ဆင်တူပြီး S View Window လေးကနေ ကင်မရာကို လျှင်မြန်စွာဖွင့်ခြင်း၊ Memo app ကို လျှင်မြန်စွာ ဖွင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Message ပို့ခြင်း၊ဖတ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် S View Window လေးဟာ တစ်ကယ်အသုံးဝင်တယ်လို့ ဆိုလို့ရပါတယ်။

Note 3 ၏ S View Cover
(Credit: Josh Miller/CNET)

အပြင် Feature ကို ဆက်လက်ကြည့်ရှု မယ်ဆိုရင်တော့ Samsung ဖုန်းအားလုံးမှာ ပါသလိုပဲ Note 3 မှာလဲ သိသာတဲ့ Home Button ခလုတ်လေး မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာတော့ Touch နဲ့ အာရုံခံသွားမဲ့ ခလုတ် ၂ခု ပါဝင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Back key Arrow လေးကို ညာဖက်မှာ ထားထားတာ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်ဖက်လက်နဲ့ ကိုင်ရင် တောင် လက်မလေး အလွယ်ဆွဲဆန့်ပြီး အသာဖိလိုက်ရုံပါပဲ။


Samsung ဟာ Apple ထက်အရင် Plastic နဲ့ထုတ်တာဖြစ်တဲ့ အတွက်ကြောင့် Note 3 ကို လဲ Plastic နဲ့မြင်တွေ့ရတာပါ။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့ Plastic ကြောင့် ဈေးနှုန်းလဲ သက်သာ သတ္တုကို ကိုင်နေရတာလဲ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။


နောက်တစ်ချက် အနေနဲ့ Note 3 ဟာ Display ၅.၇လက်မ ရှိတာကြောင့် ၅.၅လက်မ ရှိတဲ့ Note 2 ထက် အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ဒါကြောင့် Note 3 က ပိုကြီးပါတယ်လို့ ပြောဖို့ထက် မဆိုသလောက် ကြီးပါတယ်လို့ ပြောရမှာပါ။ နောက်ပြီးတော့ Super AMOLED 388 ppi နဲ့ 1920 x 1080 pixels ကို ပြောင်းထားတာကြောင့် HD ကနေ Full HD အဖြစ်ကို မြင်တွေ့ရမှာပါ။

Note 3 ရဲ့ အထူဟာ ၈.၃မီလီမီတာသာ ရှိတာကြောင့် Note 2 ၉.၄မီလီမီတာ နဲ့ ယှဉ်ရင် အနည်းငယ်ပါးသလို အလေးချိန်ကျပြန်တော့လဲ Note 3 က ၁၆၈ဂရမ် သာရှိတာကြောင့် ၁၈၃ဂရမ်ရှိတဲ့ Note 2 ထက် ပိုပေါ့ပါတယ်။

Note 2 နှင့် Note 3တို့ အရွယ်အားဖြင့် တူညီလုနီးပါးရှိသည်။
(Credit: Josh Miller/CNET)

Samsung Galaxy Note 3 မှာ ညာဖက်အောက်ခြေထောင့်မှာ S Pen လို့ခေါ်လေ့ရှိတဲ့ Stylus Pen လေးပါဝင်ပါသေးတယ်။ အဲ့ကောင်လေးကို  မတော်တဆ ထွက်ကျတဲ့ ဒဏ်က ဝေးအောင် ဆွဲထုတ်ရကျပ်အောင် ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ Design ကို အသေးစိတ် လိုက်ကြည့်ရင် နောက်ဆုံး တစ်ခုကတော့ USB 3.0 Port ကို အသုံးပြုထားတာကိ တွေ့ရပြီး ဒေတာတွေ လျှင်လျှင် မြန်မြန် ကူးယူနိုင်ဖို့နဲ့ အားသွင်းမြန်ဖို့ အတွက် ကူညီပေးမှာဖြစ်ပြီး အရင် micro-USB ကြိုးတွေနဲ့ ပဲ အလုပ်လုပ်လို့ရအောင် Design ထုတ်ထားတာ တွေ့ရမှာပါ။

ညာဖက်ထောင့်အောက်နာရှိ S Pen
(Credit: Josh Miller/CNET)

Features
Android နောက်ဆုံး Version 4.3 ကို အသုံးပြုထားတဲ့ Galaxy Note 3 ဟာဆိုရင် LTE Version အတွက်
Qualcommရဲ့ Snapdragon 800 quad-core processor ကို အသုံးပြုထားပြီး 2.3 GHz ရှိတဲ့ Speed နဲ့ RAM 3GB ကိုထည့်သွင်းထားပါတယ်။ GSM အတွက်က Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးသုံးထားပါတယ်။ ကျွန်တော့် အထင်တော့ Samsung ဟာ Note 3 ကို Multitasking ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် ပဲ ဖြစ်ပါလိမ့်မယ်။

အရင်ထွက်ခဲ့တဲ့ Note Device တွေမှာ လိုမျိုးပဲ Note 3 မှာလဲ S Pen ပါဝင်ပါတယ်။ Note 3 မှာ ထပ်တိုးလာတာလေးကတော့ S Pen ဆွဲထုတ်လိုက်တာနဲ့ တန်းပေါ်လာမဲ့ Air Command လေးပါပဲ။ အဲ့ကောင်လေးက ကျွန်တော်တို့ကို Action Memo, Scrapbooker, Screen Write, S Finder နဲ့ Pen Window တွေကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာပါ။

Action Memo လေးက app တွေကို လက်နဲ့ရေးပြီး ခေါ်ဖို့ပါ။ အဲဒါလေးနဲ့ ဖုန်းခေါ်၊ Contact အသစ်ထည့်လဲ လုပ်လို့ရပါသေးတယ်။
Scrapbooker ကတော့ အဓိက ကတော့ သင် ကြည့်နေတာကို High Light လုပ်ပေးတာဖြစ်ပြီး နောက်တစ်ချိန်ကျရင် ပြန်လည် ခေါ်လို့ရအောင်လည်း URL စသည်ကို သိမ်းထားပေးပါတယ်။
Screen Write ကတော့ နာမည် အတိုင်းပဲ သင် Screen ပေါ်မှာ Comment ပေးလိုက်တာနဲ့ သူက အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
S Finder လေးကတော့ ဖုန်းထဲကဟာ တစ်စစီ မွှေနှောက် ရှာမလား၊ Online ပေါ်တက်ရှာ မလား အားလုံးလုပ်ပေးပါလိမ့်မယ်။
Pen Window ကတော့ သင့် App တစ်ခုပေါ်ကို နောက် Application တစ်ခု Pop Up လုပ်ပြီး အသုံးပြုစေမှာပါ။

Air Command မြင်ရပုံ
(Credit: Josh Miller/CNET)
Pen Window Feature ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
Multitasking ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
နောက်ထပ်မိုက်တဲ့ Feature လေးကတော့ One-Hand View လေးပါပဲ။ Shake လိုက်ခြင်းအားဖြင့် Screen အရွယ်အစားကို 4.3 လက်မလောက်အထိသေးအောင် လုပ်ပစ်လိုက်ပြီး Screen ပေါ်မှာ touch button လေးတွေပါလာတာပါပဲ။ အဲ့ဒါလေးက သင်လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ ရှိလာတဲ့ အချိန်မှာ အသုံးဝင်စေမှာဖြစ်ပါတယ်။
Camera အနေနဲ့ကတော့ 13 megapixel ရှိတာကြောင့် သင့်ကို ရုပ်ထွက်ပိုကောင်းစေမှာပါ။ ဒါပေမဲ့ အနည်းငယ် ချို့ယွင်းချက် ရှိတယ်လို့ မြင်ပါတယ်။ Autofocus က Auto မချိန်တာ၊ နောက်ပြီး ပုံတစ်ခါ ရိုက်ပြီးတိုင်း ပြန်လည် ကြည်အောင်စောင့်နေရတာ တွေ့မြင်ရပါတယ်။

နောက်ပြီး Shooting Option မပါဝင်တာကို တွေ့မြင်ရပါသေးတယ်။ အဲဒါက ညအမှောင်၊ မြင်းကွင်းကျယ် ရိုက်ခြင်း၊အနီးကပ်ရိုက်ခြင်း စတာရွေးစရာ မပါဝင်တာကြောင့် ပုံဟာ တစ်မျိုးထဲကိုပဲ အချို့တစ်လေ အဆင်မပြေတာ တွေ့ရပါတယ်။

Outdoor test shot
Macro test

Indoor test shot
Indoor low-light test shot with stabilization
Indoor low-light test shot without stabilization
Indoor test shot with flash


နောက်ဆုံး Feature အနေနဲ့ Video ကို 4K အရည်အသွေးနဲ့ ရိုက်နိုင်တာ တွေ့ရပါတယ်။

Performance
Galaxy Note 3 ဟာ quad-core Qualcomm Snapdragon 800 2.3GHz processor ကိုအသုံးပြုထားတာဖြစ်လို့ အခြား Qualcomm သုံးတဲ့ အရည်အသေးမြင် Device တွေထက်သာနေတာကို တွေ့မြင်ရမှာပါ။ Note 3 ဟာဆိုရင် 3DMark IceStorm Unlimited test မှာ Score 15,366 ထိရရှိထားတာကို တွေ့မြင်ရပါတယ်။
Samsung Phablet Note 3 မှာ ဖြုတ်လဲလို့ ရတဲ့ Battery 3,200mAh ပမာဏ က သင့်ကို ခရီးထွက်တဲ့ အခါမှာ တောင် စိတ်ချလက်ရ ယူသွားလို့ ရပါတယ်။
ဒါ့အပြင် အသက်ထွက်အားလဲ ကောင်းပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်ထားလျှင်တောင်မှ ဖုန်းရဲ့ Speaker က အသံကို ကြားနိုင်ပါတယ်။


Specs Sheet အနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့
First released:
     September 25, 2013

Type :

    Capacitive touchscreen smartphone

Form factor:

    Slate, phablet

Dimensions:

     151.2 mm (5.95 in) H
     79.2 mm (3.12 in) W
     8.3 mm (0.33 in) D

Weight:

     168 g (5.9 oz)

Operating system:

     Android 4.3

System on chip:

     Samsung Exynos 5 Octa 5420 (GSM version)
     Qualcomm Snapdragon 800 (LTE version)
 
CPU:
    Octa-core 1.9 GHz Cortex-A15 and 1.3 GHz Cortex-A7 (GSM version)
     2.3 GHz quad-core Krait 400 (LTE version)

GPU:

     ARM Mali T628MP6 GPU (GSM version)
     Adreno 330 (LTE version)

Memory:

     3 GB LPDDR3

Storage:

     32/64 GB flash memory

Removable storage:

     microSDXC up to 64 GB

Battery:

     3,200 mAh [User replaceable]

Display:

     5.680 in (144.3 mm) Super AMOLED 388 ppi 
     (1920×1080) (PenTile matrix) (16:9 aspect ratio)

Rear camera:

     13-megapixel, camera with autofocus, BSI, 1080p and 4K video recording

Connectivity:        

    Wi-Fi :802.11 a/b/g/n/ac (2.4/5 GHz)
    Wi-Fi Direct
    Wi-Fi hotspot
    DLNA
    Miracast
    GPS/GLONASS
    NFC
    Bluetooth 4.0
    Infrared
    USB 3.0 (Micro-B port, USB charging)
    USB OTG 1.3
    MHL 2.0
    HDMI (TV-out, via MHL A\V link)
    3.5 millimetres (0.14 in) headphone jack

Other:

     Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermomete

ပဲ ဖြစ်ပါတယ်..

Conclusion
(Credit: Josh Miller/CNET)
နိဂုံးချုပ် အနေနဲ့ တော့  Samsung က ထုတ်တဲ့ Note တွေဟာ အခြားစမတ်ဖုန်းတွေနဲ့ Screen အရွယ်အစားကြီးမားခြင်း၊  S Pen ပါရှိခြင်းတွေနဲ့ ပတ်သက်ပြီး ပြိုင်စံရှားပါပဲ။ Battery လဲ ကြာရှည်ခံတာ တွေ့ရသလို Multitasking တွေအတွက် Precessor လဲ ကောင်းမွန်တာ တွေ့ရပါတယ်။ ပြောစရာကတော့ Camera လေးပါပဲ။ ဒါပေမဲ့ Camera ကို Software Update မှာ ပြန်ပြင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

စင်ကာပူစတိုးတွေမှာတော့ 32GB Version အတွက် စင်ကာပူဒေါ်လာ $1,048 နဲ့ September 28 မှာ စရောင်းမယ်လို့သိရပါတယ်။မိတ်တွေအနေနဲ့ ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာပဲ ဈေးနှုန်းတစ်ချက် စုံစမ်းကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ်။

 
Ref : cNetAsia
 
Writer : Steel Jelly



Tuesday, September 24, 2013

မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3 က လူစိတ်ဝင်စားမှု နံပါတ်တစ် ဖြစ်လာ


Monday, September 23, 2013

မကြာသေးမီက တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၅.၇လက်မအရွယ် Galaxy Note 3ဟာ GSM Arena၀က်ဘ်ဆိုဒ်ရဲ့ နေ့စဉ် လူဝင်ရောက်ကြည့်ရှုမှု စာရင်းမှာ Appleရဲ့ iPhone 5Sကို ဖြတ်ကျော်ပြီး နံပါတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။ အဆိုပါ Galaxy Note 3အကြောင်း ကိုလည်း မြန်မာအိုင်စီတီမှ ပြည့်ပြည့်စုံစုံ ရေးသား တင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာ http://ict.com.mm/reviews/mobile-phones/samsungs-galaxy-note-iii-review/ မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဈေးနှုန်းအရတော့ iPhone 5Sနဲ့ Galaxy Note 3ဟာ များစွာ ကွာခြားမှု မရှိပေမယ့် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ 3GB RAMနဲ့ S-Pen Feature, NFCစတာ တွေဟာ ပရိသတ်တွေကို ဆွဲဆောင်သွားတာ ဖြစ်တယ်လို့ ခန့်မှန်း မိပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ မကြာခင် အဆိုပါ Galaxy Note 3သာမက ဆမ်ဆောင်းရဲ့ စမတ်နာရီ Galaxy Gearကိုပါ Samsung Showroomတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Note 3မှာ မြန်မာစာ စနစ် အသင့်အသုံးပြု နိုင်အောင် စီစဉ်ပေးထားပြီး ဈေးနှုန်း ၇၁၅၀၀၀ကျပ်နဲ့ ရောင်းချပေးသွားမှာပါ။

View Coverပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Galaxy Gearစမတ်နာရီကတော့ ၂၅၈၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးက Samsung Showroomတွေမှာ ရောင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Gearကော Galaxy Note 3ကော နှစ်ခုပေါင်း ယူရင်တော့ ၉၅၅၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ကာ အဆိုပါ ဈေးနှုန်းတွေက စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ပရိုမိုးရှင်း ကာလ သုံးရက်တည်းအတွက်သာ ဖြစ်တယ်လို့ Samsungမှ ကြေညာထားပါတယ်။ စက်တင်ဘာ ၂၅ရက်နေ့ Junciton Squareမှာ ကျင်းပမယ့် Samsungရဲ့ မိတ်ဆက်ပြသတဲ့ ပွဲမှာလည်း Galaxy Note 3, Galaxy Gearတို့ကို စမ်းသပ်ကြည့်ရှု သုံးစွဲနိုင်ပြီး ၀ယ်ယူလိုပါက တစ်ခါတည်း စာရင်းပေးထား နိုင်ကြောင်း သိရပါတယ်။

Galaxy Note 3ပြီးတော့ ဒုတိယနေရာမှာ ရှိနေတာကတော့ iPhone 5Sဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S4, SIM Cardနှစ်ခု သုံးလို့ရတဲ့ Galaxy S Duos, ရေစိုခံ မျက်နှာပြင်ကျယ် စမတ်ဖုန်း Sony Xperia Z1နဲ့ Galaxy Coreစမတ်ဖုန်းတွေက နံပါတ် သုံး၊ လေး၊ ငါး၊ ခြောက် နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး အဖြူ၊ အနက်၊ အဝါ၊ အနီ ကာလာ ၄မျိုးနဲ့ Windowsဖုန်း တစ်လုံး ဖြစ်တဲ့ Nokia 520ကလည်း လူစိတ်ဝင်စားမှု နံပါတ် ၇နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်တဲ့ iPhone 5ကတော့ ၀င်ရောက် ကြည့်ရှုတဲ့ လူတွေ ရှိနေဆဲ ဖြစ်ကာ လူစိတ်ဝင်စားမှု နံပါတ် ရှစ်နေရာမှာ ရပ်တည်နေပါတယ်။

Ref : Myanmar ICT

Saturday, September 21, 2013

သက်တမ်းလွန် ငွေဖြည့်ကတ်များ တစ်လအတွင်း ပြန်လဲပေးမည်

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖြန့်ဖြူးရောင်းချနေသော မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ်များမှာ သတ်မှတ်ကာလထက် ကျော်လွန်နေသော်လည်း ရောင်းချသုံးစွဲရခြင်း မရှိသေးသော သက်တမ်းလွန် ကတ်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် တစ်လအတွင်း ပြန်လည် လဲလှယ်ပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ 
သက်ဆိုင် ရာ တရားဝင် ကိုယ်စားလှယ်များက အကြောင်းအမျိုး မျိုးကြောင့် မရောင်းချလိုက်ရသော သက်တမ်းလွန် ငွေဖြည့်ကတ်များ ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သက်တမ်းတိုးပေးနိုင်ခြင်း မရှိသော်လည်း ကတ်အသစ်ဖြင့် အစားထိုးပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့က ကြေညာထားသည်။ “လဲလှယ်ပေးတာကတော့ GSM, CDMA, WCDMA အကုန်လုံးပဲ။ တရားဝင် ကိုယ်စားလှယ်တွေက Customer တွေဆီက သက်တမ်း လွန် ငွေဖြည့်ကတ်တွေကို စုထားပြီး လာပို့ပေးရတယ်။ 

အဲဒီကတ်တွေကို MPT မှာ သုံးပြီး မသုံးပြီး လာစစ်ပြီးတော့မှ လဲပေးတာ” ဟု အဆိုပါ မိုဘိုင်းလ်ဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ သက်တမ်းလွန် ငွေဖြည့်ကတ်များကို သက်တမ်းကုန်သည့် နေ့ရက်မှ တစ်လ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  တရားဝင် ကိုယ်စားလှယ်က အခကြေးငွေ မယူဘဲ  ငွေဖြည့် ကတ် အသစ်ဖြင့် အစားထိုး ပြန်လည် ထုတ်ပေးနေကြောင်း၊ ကိုယ်စားလှယ်ဆိုင်များ လက်ခံ ထားသော သက်တမ်းလွန် ငွေဖြည့်ကတ်များကို နောက်ထပ် တစ်လအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သို့ အပ်ရ မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့က ကြေညာ ထားသည်။ “ငွေဖြည့်ကတ် သက်တမ်းလွန် သွားတာမျိုးတော့ ဆိုင်မှာတော့ သိပ်မကြုံ ဘူး။ အနည်းအကျဉ်းပါ။ ပြန်လဲရင် အလုပ်ရှုပ်လို့ တစ်ခုနှစ်ခုလောက်ဆို မလဲဖြစ်ဘူး” ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်များအတွက် လိုအပ်သော အချက်အ လက်များကို မှတ်တမ်းပြုလုပ်၍ ဖြန့်ဖြူးရောင်းချမည့် သက်ဆိုင်ရာ ကုမ္ပဏီထံသို့ လွှဲပြောင်းပေး ရာတွင် ငွေဖြည့်ကတ်သက်တမ်း (Expiry Date) ကို မှတ်တမ်းစတင်ပြုလုပ်သည့် ရက်မှစတင် ၍ ခြောက်လ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 


Ref : ခေတ်လူငယ်

Tuesday, September 10, 2013

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းအလိုက် သတ်မှတ်ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်



ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁- ၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ “ခါတိုင်းကတော့ Call Center ကနေပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုင်ရာဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချင်တာတွေကို သေသေချာချာမေးလို့ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူးဖြစ်နေတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် မမေမြတ်သူက ပြောသည်။
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက်လဲလှယ်ရတာဖြစ်ပါတယ်” ဟု ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောင်ကျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။
ထွန်းထွန်း(INTERNET JOURNALS)



အိုင်တီခေတ်

မိုဘိုင်းဖုန်း သယ်ဆောင်အသုံးပြုနိုင်သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံအထိရှိလာ





ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အော်ပရေတာပေါင်း ၄၄ ခုမှ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မြန်မာနိုင်ငံသို့ 

၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများကို သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ 

မိုဘိုင်းဖုန်းလိုင်းများသည်လည်း အဆိုပါ နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ 

သယ်ဆောင်အသုံးပြုနိုင်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း

မိုဘိုင်းအင်ဂျင်နီယာချုပ်က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြောကြားသည်။
Bilateral နည်းဖြင့် အပြန်အလှန် တိုက်ရိုက်ချိတ်ဆက်ထားသောနိုင်ငံများနှင့် အော်ပရေတာများမှာ

 တရုတ် (China Unicom)၊ ဗီယက်နမ် (Vina Phone & Viettle Corporation)၊ ကိုရီးယားနိုင်ငံ (SK Telecom)၊ 

ဂျပန် (NTTDOVOMO)၊ စင်ကာပူ (Star Hub Mobil & Aing Tel Mobile)၊

 ဟောင်ကောင် (Hutchison HGC & HKT)၊ အင်ဒိုနီးရှား (TELKOSEL)၊ ထိုင်း(TrueMove) တို့ဖြစ်သည်။
ကြားခံ Roaming Hub ကို အသုံးပြု၍ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းများ သယ်ဆောင်အသုံးပြုနိုင်ရန် 

ချိတ်ဆက်ထားသည့်နိုင်ငံများနှင့် အော်ပရေတာများမှာ ဘရူနိုင်း (DST Com)၊ မလေးရှား (CELCOM)၊ 

ဖိလစ်ပိုင် (SMART)၊ စင်ကာပူ (M One)၊ တောင်ကိုရီးယား (Korea Telecom)၊ ဂျပန် (SOFT Bank) နှင့် 

သီရိလင်္ကာ (DIALOG) တို့ဖြစ်ကြောင်း သိရသည်။ အလားတူ Orange Hub ကို အသုံးပြု၍ 

ချိတ်ဆက်ထားသောနိုင်ငံများနှင့် အော်ပရေတာများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ 

စပိန်တို့ဖြစ်ကြပြီး ဟောင်ကောင် (CSL)၊ တရုတ် (တိုင်ပေ) (Taiwan Mobile)၊ မလေးရှား (U Mobile)၊

 အိန္ဒိယ (Aricel)၊ ကမ္ဘောဒီးယား (Latelz - Smart)၊ ဘယ်လ်ဂျီယံ (Mobi Star)၊ လူဇင်ဘက် (Orange)၊ 

အိုက်စ်လန် (NOVA)၊ အိန္ဒိယ (Tata)၊ သီရိလင်္ကာ (Barthi)၊ ကာတာ (Ooredoo)၊ 

အိန္ဒိယ (Barthi Airtel)၊ ပြင်သစ် (Free Mobile) နှင့် ဘရူနိုင်း (B Mobile)၊ လာအို (Loa Tel)တို့ ဖြစ်ကြောင်း 

ယခုလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားသည်။




အိုင်တီခေတ်

Friday, September 6, 2013

Nokia မိုဘိုင်းဖုန်းကုမ္မဏီကို Microsoft ပိုင်ပြီ


Nokia ရဲ့ မိုင်ဘိုင်းဖုန်း ကုမ္မဏီနဲ့ ဝန်ဆောင်မှု လုပ်ငန်းကို အမေရိကန် Microsoft မှ အမေရိကန်ဒေါ်လာ ၇ ဘီလျံ ကျော်နဲ့ ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အားလုံးကို ဝယ်လိုက်တာ မဟုတ်ပါဘူး။ Nokia ရဲ့  မိုဘိုင်းဖုန်းမဟုတ်တဲ့ အခြားသာ လုပ်ငန်းများကတော့ Nokia တို့မှာ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းနဲ့ အဓိက ရပ်တည်တဲ့ ကုမ္မဏီတစ်ခု အတွက် ကတော့ ကြီးမားတဲ့ ဆုံးရှံးမှုကြီးပါ။ Nokia ဟာ Android နဲ့ iOS စပေါ်ကတည်းက ၎င်းတို့ Java ဖုန်း များ အရောင်းကျ ယနေ့အထိပဲ ဖြစ်ပါတယ်။ ဒီတော့ ဖြေရှင်းရန် နည်းလမ်းအနေနဲ့ Microsoft ရဲ့  Windows Phone platform ကိုရွေးချယ်လို့ ဖုန်းဆက်ထုတ်ခဲ့ပါတယ်။ အောင်မြင်ဖို့ အရိပ်အယောင်မြင်လာချိန် မှာတော့ Microsoft ကို ရောင်းလိုက်ပါပြီ။ ဆက်လက် ရပ်တည်ဖို့အတွက် အင်အားမရှိတော့လို့ ဖြစ်ပါတယ်။

အချိန်ကာလာ ကြာမြင့်စွာ ပါတနာ လုပ်လာတဲ့ ကုမ္မဏီများ ဖြစ်တဲ့အတွက် ဈေးနှုန်းညှိနှိုင်းမှု အဆင်ပြေ သွားပြီး မိုဘိုင်းဖုန်း လုပ်ငန်းကို အပြီးတိုင် ရောင်းချဖို့ Nokia တို့ ဝန်မလေးတော့ပါဘူး။ Microsoft အနေနဲ့ Nokia ကို ၎င်းတို့ လက်ထဲမှာ အအောင်မြင်ဆုံး စမတ်ဖုန်း ကုမ္မဏီတစ်ခု ဖြစ်လာအောင် ဖန်တီး ကြိုးစား မယ်လို့ ဆိုပါတယ်။ လက်ရှိချိန်မှာတော့ Nokia ရဲ့  စတော့ရှယ်ယာ ဈေးဟာ ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint

Saturday, August 31, 2013

Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာရပြီ


 
မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

 
Source: The Standard Time Daily
Myanmar ICT

Wednesday, August 7, 2013

Galaxy Grand GT-I9082 v4.1.2 Customer များ သတင်းကောင်းလေးပါးလိုက်ပါတယ်



 Galaxy Grand GT-I9082 Version 4.1.2 Customer သတင်းကောင်းလေးပါးလိုက်ပါတယ်.................
 မြန်မာစာစနစ်ပါပြီးသားကို SAMSUNG မှ Update ပေးလိုက်ပါတယ်...........အဲတော့ ဝိုင်ဖိုင် ရှိတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်များ ကိုယ့်ဖုန်းကို Update လုပ်နိုင်ပါတယ်......
စိတ်တော့ရှည်ရပါတယ်...(4) ခါလောက်လုပ်မှအဆင်ပြေနိုင်ပါတယ်..................:)
Ref : https://www.facebook.com/itgardenmr
Credit : IT Garden

Sunday, August 4, 2013

ဖုန်းဖြင့် အင်တာနက် လျှောက်လိုသူများ သတိထားရန်

ကိုလတ်
MPT ၏ GSM, WCDMA ဖုန်းလိုင်းများတွင် Internet service ရယူနိုင်ရန်အတွက် 1331 နံပါတ်သို့ အောက်ပါအတိုင်း SMS ပေးပို့ပြီး အင်တာနက် လျှောက်ထားနိုင်ပါသည်။
Orderdata service
– O (အို)ကို စာလုံးအကြီးဖြင့်ရိုက်ရမည်ဖြစ်သည်။
– Orderdata ကို တစ်ဆက်တည်းရိုက်ရမည်ဖြစ်သည်။
- Orderdata နောက်တွင် space (နေရာလွတ်) တစ်ချက်ခြားရန်လိုအပ်သည်။
– s (အက်စ်)ကို စာလုံးအသေးဖြင့်ရိုက်ရမည်ဖြစ်သည်။
မှတ်ချက် ။ ။ အင်တာနက် ဝန်ဆောင်မှု ရယူနိုင်ရန် ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်ကို ကြိုတင် Bill မှ အလိုအလောက် ဖြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင် Bill လက်ကျန်ငွေမှာ ၁၀၀၀၀ ကျပ် အထက် ရှိရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါက MPT ၏ Call Centre ဖုန်းနံပါတ် 1876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
MOBILE HOUSE
ALEX

Monday, July 29, 2013

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ


 ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ
================================

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသောငွေ ကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 
Ref: Internet Journal

Saturday, July 27, 2013

တရုတ်နိုင်ငံမှ Apple ထုတ်ကုန် သုံးစွဲသူများ အနေနဲ့ Apple က ထုတ်လုပ်တဲ့ Charger များကိုသာ အသုံးပြုသင့်

 
 တရုတ်နိုင်ငံမှ Apple ထုတ်ကုန် သုံးစွဲသူများ အနေနဲ့ Apple က ထုတ်လုပ်တဲ့ Charger များကိုသာ အသုံးပြုသင့်ပြီး Charger အတုတွေကို အသုံးမပြုကြဖို့ တရုတ်ဘာသာနဲ့ လွှင့်တင်ထားတဲ့ Website ကနေ တစ်ဆင့် Apple ကုမ္ပဏီက တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ထုတ်ကုန် သုံးစွဲသူများအတွက် Charger အစစ်နဲ့ Charger အတု ခွဲခြားနိုင်မယ့် နည်းလမ်းတွေကိုလည်း Apple က ဖော်ပြခဲ့ပါတယ်။

မကြာသေးမီက တရုတ်အမျိုးသမီး တစ်ဦး iPhone ကို အားသွင်းရင်း ဖုန်းပြောကြားစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် Apple က အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

Charger အတုနဲ့ အစစ် ခွဲခြားမှုကို http://www.apple.com.cn/power-adapters မှာ လေ့လာနိုင်ပါတယ်။

 
Ref: CNET Asia

Credit : Mobile Software Developer

ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6 ကို ဇူလိုင်လကုန်ပိုင်းတွင် ပြည်တွင်း၌ မိတ်ဆက်မည်


 ကမ္ဘာ့အပါးလွှာဆုံး မိုဘိုင်းဖုန်းဖြစ်သည့် Huawei Ascend P6 မော်ဒယ် အမျိုးအစား ဟန်းဆက်ကို ပြည် တွင်း၌ ဇူလိုင်လကုန်ပိုင်းတွင် မိတ်ဆက်ပေးမည် ဖြစ်သည်ပာု မြန်မာပြည်အခြေစိုက် Huawei ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယင်းဖုန်းမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အသက်အရွယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး စတိုင်ကျကျ စမတ်ဖုန်းကိုင်ဆောင်လိုသူများနှင့် နည်းပညာမြင့်မားမှုကို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်
The Huawei Ascend P6 has sharp edges, which make for a more secure grip - Huawei Ascend P6 Review
Ascend P6 ၏ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၁၂၀ ဂရမ်သာရှိကာ ဖုန်း၏ မျက်နှာပြင်အကျယ် မှာ ၄ ဒသမ ၇ လက်မရှိ၍ ကိုယ်ထည်ကိုလည်း ချောမွေ့ပြီး တောက်ပြောင်သော သတ္တုနှင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဖုန်း၏ဘေးကိုယ်ထည်နံရံမှာလည်း သတ္တုကိုခွေ၍ ထည့် သွင်းပြုလုပ်ထားသည်။

The Huawei Ascend P6 has sharp edges, which make for a more secure grip - Huawei Ascend P6 Review 
 
 Huawei Ascend P6 ၏ ကင်မရာမှာ 8MP ရှိပြီး ရှေ့ကင်မရာမှာ 5MP အထိရှိမည်ဖြစ်သည်။ ည အမှောင်တွင် ဓာတ်ပုံရိုက်သော်လည်း ကင်မရာဖန်ရှင်တွင် ညဘက်ရိုက်ရသည့်ဖန်ရှင်ကို ပြောင်းလဲ ရန်မလိုဘဲ အလိုအလျောက် ချိန်ညှိပေးနိုင်မည် ဖြစ်သည်။

The Huawei Ascend P6 has sharp edges, which make for a more secure grip - Huawei Ascend P6 Review 

ယင်းအပြင် အလင်းအမှောင်၊ မျက်နှာပြင်ချောမွေ့မှုတို့ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး ဗီဒီယို ရိုက်ကူးရာတွင် 1080P full HD ကိုအသုံးပြု၍ ရိုက်ကူးနိုင်သည်။ ဘက်ထရီကောင်းမွန်မှုကိုလည်း ဦးစားပေးထားပြီး အခြားဖုန်းများထက် ၃၀ ရာခိုင်နှုန်း ပိုမို၍ ပါဝါစားသက်သာသည်ဟုဆိုသည်။
ယုဝေ
 Ref : Mizzima - News in Burmese
 

Saturday, July 6, 2013

နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု FEC ငွေဖြည့်ကတ် မလိုတော့

 Oversea phone call

GSMနှင့် WCDMA (3G)ဖုန်းများတွင် ဇူလိုင်လ ၁ရက်နေ့မှစ၍ FEC ငွေဖြည့်ကတ် သီးသန့်ထည့်ရန် မလိုတော့ပဲ နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက် ခေါ်ဆိုနိုင် မည်ဖြစ်ပြီး နိုင်ငံ အလိုက် ခေါ်ဆိုမှု နှုန်းထားများကို လက်ရှိ ဒေါ်လာ ပေါက်ဈေးအတိုင်း သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းခေါ်ဆိုခနှုန်းထားများကို နိုင်ငံအလိုက် လေးမျိုးသတ်မှတ်ထားပြီး နိုင်ငံအများစုအတွက် နှုန်းထားမှာ တစ်မိနစ်လျှင် သုည ဒဿမ ၉ဒေါ်လာဖြစ်ကာ အင်္ဂလန်၊ ချီလီ၊ အိန္ဒိယ၊ ဒိုမီနီကန် နိုင်ငံများအတွက် ၁ဒဿမ ၅ဒေါ်လာ၊ အာရေဗီးယား၊ နိုင်ငံအတွက် သုံးဒေါ်လာ၊ အိန္ဒိယ (Ocean Ragion)များအတွက် ၃ဒဿမ ၇ဒေါ်လာဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး၏ ကောလ်စင်တာ ဝန်ဆောင်မှုထံမှ သိရသည်။
ခေါ်ဆိုခနှုန်းထားများ ကောက်ခံရာတွင် မြန်မာကျပ်ငွေနှုန်းဖြင့် ကောက်ခံမည်မဟုတ်ပဲ ဒေါ်လာပေါက် ဈေးနှုန်းအပေါ် အခြေခံ၍ တွက်ချက် ကောက်ခံမည် ဖြစ်သည်။ ယခင်က နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရန်အတွက် FEC 10,20,30တန် ငွေဖြည့်ကတ်များ ဝယ်ယူအသုံးပြုရပြီး ယင်း FECကတ်များတွင် ငွေလက်ကျန်ရှိသူများ အနေဖြင့် ဆက်လက် အသုံးပြုနိုင်ကြောင်း၊ နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုမှုကို GSMနှင့် WCDMA (3G) ဖုန်းများအတွက်သာ ပြောင်းလဲခြင်း ဖြစ်ပြီး၊ CDMA 800နှင့် 450ဖုန်းများတွင် မပြောင်းသေးကြောင်း မကြာမီ ထပ်မံပြောင်းလဲမည် ဖြစ်ကြောင်း သိရပါသည်။
 

မော်ဒယ်မြင့်စမတ်ဖုန်းများကိုမြန်မာပြည်မှာအကြွေးဝယ်ယူနည်း



 
Smart ဖုန်းအမြင့်တွေ ကိုင်ချင်တယ်.. ပိုက်ဆံမရှိဘူး ဘာလုပ်ရမလဲ..
ဟုတ်ပြီ.. အဲ့ဒါဆိုရင် ၁၈ နှစ်ပြည့် မှတ်ပုံတင်ရှိရမယ်.. အိမ်ထောင်စုစာရင်းလိုမယ်..
ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ.. နောက်ပြီး တလ တသိန်းအနည်းဆုံးရတဲ့ အလုပ်တခုရှိရမယ်. အကြွေးပုံမှန်ပြန်ဆပ်နိုင်ရမယ်.. ရတဲ့လခ အကြွေးပေးလိုက်တာနဲ့ ကုန်ရင်
အကြွေးသံသရာထဲမျောသွားလိမ့်မယ်.. အိုကေ.. ဒါတွေ စုံရင် နည်းလမ်း နှစ်နည်းရှိတယ်..
ဘဏ်က Hire Purchase နဲ့ ဝယ်တာ.. နောက်တခုက Aeon Micro Finance နဲ့ ဝယ်တာ
မှတ်ထားရမှာတခုက Hire Purchase က လက်ငင်းငွေချေတာထက်စာရင် အင်မတန်ဇယားရှုပ်တယ်.. ဟိုဟာလိုတယ် ဒီဟာလိုတယ်.. စိတ်တော့ညစ်ရတယ်..
လစဉ်လဲ ပုံမှန်ပြန်ဆပ်ရတယ်.. ပိုက်ဆံတော့ လုံးကနဲ ခဲကနဲ မပေးရဘူးပေါ့.
ဘဏ်နဲ့ ဝယ်ချင်ရင် ဘဏ်အရင်ရွေးပါ လောလောဆယ်တော့ ကျနော်သိတာ
Ayeyarwady Bank ဖြစ်ပါတယ်.. သူ့ ရဲ့ Page ထဲ Note မှာ Hire Purchase အကြောင်းအကျယ်တ၀င့် ၀င်ဖတ်နိုင်ပါတယ်.. နောက်တခုကတော့ Aeon Micro Finance နဲ့ ဝယ်တာပါ.. သူကတော့ လွယ်ပါတယ် ၁၈နှစ်ပြည့် မှတ်ပုံတင် အိမ်ထောင်စုစာရင်းမိတ္တူ ရပ်ကွက်ရဲစခန်းထောက်ခံစာ နောက်ပြီး ကိုယ့်အလုပ်ကနေ အမှန်တကယ် ၀န်ထမ်းဖြစ်ကြောင်း Letter Head ပါတဲ့ ထောက်ခံစာ.. အစိုးရ၀န်ထမ်း၊ ကုမ္မနီဝန်ထမ်း၊ကိုယ်ပိုင်လုပ်ငန်း အားလုံးကို ထုတ်ချေးပေးပါတယ်.. Aeon Micro Finance က အသေးစားငွေချေးလုပ်ငန်းပါ.. ဖုန်းဆိုင်နဲ့ အကြွေးဝယ်မဲ့လူကြားမှာ သူက စိုက်ပေးပြီး အတိုးတောင်းတဲ့သဘောပါ.. ထောက်ခံမဲ့လူတော့ တယောက်လိုပါတယ်.. အဲ့ဒါကတော့ သူငယ်ချင်း၂ယောက်လုပ်ရင် ပိုကောင်းပါတယ်.. အဲ့လိုလုပ်လဲရပါတယ်.. နောက်ပြီး ၀န်ဆောင်ခ ၅၀၀၀ ကျပ်ပေးရပါတယ်.. အတိုးနှုန်းကတော့ အင်မတန်နည်းပါတယ်.. ၁.၅ ပါ.. ၆ လ ၁၂ လ ၁၈ လ ၂၄ လ ကြိုက်သလောက် အရစ်ကျ ခွဲဆပ်လို့ ရပါတယ်.. ၀ယ်ယူမဲ့ဖုန်းတန်ဖိုးက ၅ သောင်းကနေ စပြီး ၅ သိန်းအထိ ထုတ်ချေးပါတယ်.. ချေးမဲ့ပမာဏကို Aeon က သတ်မှတ်ပါတယ်.. ရတဲ့လစာကို ၁ ဆခွဲနှုန်းလို့ တော့ပြောပါတယ်.. လောလောဆယ် Aeon နဲ့ ပတ်သတ်ပြီး လုပ်ကိုင်နေတဲ့ ဖုန်းဆိုင် ၂ ဆိုင်ရှိပါတယ်.. လှည်းတန်း Samsung Showroom နဲ့  09 Mobile ပါ.. နောက်ဖုန်းဆိုင်တခုကတော့ Family Computer & Mobile ပါ.. သူ့  Page မှာ သွားပြီးလေ့လာနိုင်ပါတယ်. အပေါ်က ဟာတွေတော့ လိုမှာ ကြိမ်းသေပါပဲ.. သူလဲ အပေါင်ပစ္စည်း မလိုဘူးကြားပါတယ်.. နောက်ဆုံးတခုကတော့ B2HD Computer, Mobile & Accessories ပါ.. သူဆီမှာတော့ Hire Purchase မရပါဘူး.. ဒါပေမဲ့ ကိုယ့်ဆီမှာရှိတဲ့ ဖုန်းအဟောင်း၊လက်တော့အဟောင်း အဲ့ဒါတွေ ပေးပြီး ဆိုင်မှာရှိတဲ့ အသစ်နဲ့  လဲလို့ ရပါတယ်..
ကဲ.. ဖုန်းအမြင့်တွေဆိုတာ သူဌေးတွေမှ ကိုင်လို့ ရတာမဟုတ်ဖူး ကြံရည်ဖန်ရည်ရှိရင်
လူလတ်တန်းစားတွေ ၀န်ထမ်းတွေလဲ ကိုင်လို့ ရတယ်ဆိုတာ သဘောပေါက်နိုင်ကြပါစေ..
Hire Purchase နဲ့  ဖုန်းအမြင့်များကိုင်နိုင်ကြပါစေဗျာ..
(P.S – Hire Purchase နဲ့ ဝယ်ယူရာမှာ မှန်ကန်ဖို့  သစ္စာရှိဖို့ လိုအပ်ပါတယ်.. အကြွေးပုံမှန်ပြန်ဆပ်နိုင်မှ ၀ယ်ပါ.. မဟုတ်ရင် အကြွေးသံသရာမှာ နားကားပါလိမ့်မယ်. နောက်ပြီး အပေါ်က ဖုန်းဆိုင်တွေနဲ့  ကျနော်နဲ့ ဘာမှ ပတ်သတ်မှုမရှိကြောင်း၊ စိတ်ဝင်စားပါက သက်ဆိုင်ရာ ဖုန်ုးနံပတ်များ FB Page များမှာ ဆက်လက်စုံစမ်းပါ )
 
Credit : Sentinel Wai Yan ( CEO & Administrator Unity Online Game )