Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Sunday, August 17, 2014

Android Root ရှိတဲ့ဖုန်းတွေအတွက် Internal Memory ထပ်တိုးနည်း


တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုး မြင်ဖူးပါတယ်... ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတေည်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုဘာဘီ ပြောပြပါမယ်....


ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Error ကင်းတယ်လေ တော်တော်များများလဲ သိပြိးသားဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများအတွက် ဘာဘီ ပြောပြမယ်နော်....


လိုအပ်တာကတော့ အနည်းဆုံး
4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ


ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ


- Aparted

https://www.dropbox.com/s/8cwk7shzqt01ycu/AParted.apk


-Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့

https://www.dropbox.com/s/bhnyfkuxvis6zcz/Link2SD%20Plus.apk


ဟုတ် Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်


၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ


၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ


၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ


၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ


၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး


၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ


၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ


၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ


၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ


SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်


၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ


၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ


၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ


၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ


၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ


၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ


၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ


၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ


၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ


၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ



၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ပါ


၂၁ ။ reboot ချလိုက်ပါ


၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်


၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ


၂၄ ။ အပေါ်က select all ကိုနိပ်ပါ


၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ


၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ


၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး


၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ


၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ


၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။



 
 
 
 

 

   
 

 

 
 

 
 

 


 

 

 


ဒီပို့စ်လေးကို PDF စာအုပ်အဖြစ်လိုချင်သူများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်...


Credit = B4rb3
ReF : http://tharyadanar.blogspot.com/

Monday, June 30, 2014

Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်


မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။

Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။

(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။

စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။

(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။

ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။

(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။

Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။

(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။

Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။

(၆) Secure Update Scanner ကို အသုံးပြုပါ။

Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။

(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။

App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။

(၈) SIM ကတ်ကို lock လုပ်ပါ။

ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။

(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။

Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။

(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။

အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။

Ref: TechRepublic
Internet Journal

Android App တစ်ခုချင်းစီအတွက် Settingsများကို ပြုပြင်နည်း

 
 
Android App တစ်ခုချင်းစီအတွက် Settings များကို ပြုပြင်ပြောင်းလဲချင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် Video Player ကို Landscape Mode နဲ့ဖွင့်ဖို့၊ Music Player ကိုဖွင့်ရင် သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ ဖွင့်ဖို့၊ App တစ်ခုကို ဖွင့်ရင် Mobile Data အစား WiFi ကို အသုံးပြုဖို့ စတာတွေဖြစ်ပါတယ်။

App တစ်ခုဖွင့်တိုင်း အဲဒီအလုပ်တွေကို ကိုယ်တိုင်ပြုလုပ်လို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ App တစ်ခုကိုဖွင့်တိုင်း မိမိနှစ်သက်တဲ့ Settings တွေနဲ့ အလုပ်လုပ်ဖို့ ပြုလုပ်ပေးနိုင်တဲ့ App က App Config Free ဖြစ်ပါတယ်။ App Config Free က အောက်က Settings တွေကို ပြောင်းလဲပေးနိုင်ပါတယ်။

1. Screen Brightness
2. Screen Orientation
3. Screen Timeout
4. Volume
5. Mobile Data
6. WiFi
7. Bluetooth

အင်တာနက်အသုံးပြုခွင့် မပေးချင်တဲ့ App ကို Mobile Data ရော WiFi ပါ အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။ App တစ်ခုရဲ့ Screen Brightness ကိုမြှင့်ချင်၊ နှိမ့်ချင် လို့လည်း ရပါတယ်။ Bluetooth Keyboard or Speaker တွေနဲ့တွဲဖက် အလုပ်လုပ်တဲ့ App ကိုဖွင့်ရင် Bluetooth ကို ဖွင့်ပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Dialer App ရဲ့ အသံ အနိမ့်အမြင့်ကို ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုကို သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ဖွင့်ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။

App Config Free က သင်နှစ်သက်ရာ Settings တွေ သတ်မှတ်ထားတဲ့ App ကိုဖွင့်တိုင်း အလိုအလျှောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်လိုက်တာနဲ့ နဂို Settings ကို ပြန်ပြောင်းပေးမှာ ဖြစ်ပါတယ်။

App Config Free မှာ သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ App အားလုံး ကို ပြသပေးထားပါတယ်။ App တစ်ခုရဲ့ Settings ကို ပြောင်းဖို့ အတွက် အဲဒီ App ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings တွေကို နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ App Config Free မှာ Settings တွေ ပြုပြင်ထားတဲ့ App တွေကို Bold အနေနဲ့ ဖော်ပြပေးထားမှာပါ။

App Config Free ကို အခမဲ့အသုံးပြုရင် ကြော်ညာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေးဗားရှင်းမှာ ကြော်ညာတွေ ထည့်သွင်းထားခြင်း မရှိသလို ပြုပြင်နိုင်တဲ့ Settings တွေလည်း ပိုမိုများပြားပါတယ်။ 
 
Download App Config Free
 

(C) MMITC

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ

၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
 
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။

၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
 
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။

၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
 
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။

၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
 
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)

၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။ 
 
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
 
(Credit) trend.com.mm

လိုင်းမမိတဲ့ နေရာရောက်က လိုင်းမိအောင်လုပ်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
 Smart ဖုန်းတေမှာ
လိုင်းဆွဲအား နည်းတဲ့နေရာကို ရောက်သွားရင် intana 

တပ်ပုံလေးပြလိုက်ထှာ ဟိုးအရင်ကလည်း
ပြောဖူးပါဒယ်
လိုင်းမကောင်းတာကို ကောင်းအောင်
လုပ်ပေးနိုင်မှာမဟုတ်ပါဘူး signal
သိပ်မမိတော့တဲ့ အခါ အခုလို တပ်နိုင်အောင်ပါ
အာ့ intana အပေါ်က်ကလေးက
snart phone တိုင်းမှာပါပါတယ်
battery cover ကို ခွါလိုက်တာနဲ့
အာ့ အပေါက်လေးကို ရှာကြည့်လို့ရပါတယ်
တချို့ကျတော့ အတွင်းထဲမှာပဲပါပီး
cover နဲ့ ပိတ်ထားလို့မမြင်ရပါဘူး
တချို့ကျတော့ cover ကို့နေရာမှာ
ဖောက်ပေးထားပါတယ်
အာ့လိုဖောက်ပေးထားရင်
battery covery ကို ချွတ်
Coil ကြိုး အနေတော်လေးကို
အဖျားနားကို ဓါးလေးနဲ့ ချစ်ထုတ်လိုက်
ကော်တေပျက်သွားအောင်ပါ ပီးရင်
Coil လေးကို အာ့ အပေါက်ထဲက ကြေးနီ ပိုက်အလည်ခေါင်ကို

 စိုက်လိုက်ပီ ပြုတ်မထွက်အောင် တိတ်နဲ့ ယာယီထိမ်းထားလိုက် 
ပီးမှ ထို COIL လေးကို BATTERY အဖုန်းနဲ့ ဖိပီး ပိတ်ထားလိုက်ပါ
ဖုန်းရဲ့ အပြင်ဘက် 4လက်မလောက်
ထွက်အောင် အရှည်ကိုထုတ်ထားလိုက်ပါ

 
 
 
Credit To  - >>>>> Htoo Phyo

အဆင်ပြေပါစေ........ 
 Minokekar (ဘီလူးကျွန်းသားလေး)
Facebook Page  က  ဒီၤမွာပါ
တင်သမျှပို့စ်တွေကိုလည်းFB ကနေလည်း Like လုပ်ပေးပါဦး လို့


အခက်အခဲတစ်စုံတစ်ရာ ရှိပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ


Friday, March 21, 2014

ကွန်ပြူတာအသစ်တလုံးအတွင်းသို့ MICROSOFT OFFICE PROFESSIONAL PLUS 2010 ထည့်သွင်းနည်းအဆင့်ဆင့်

Miscrosoft Office ကို ဘလော့ တိုင်းမှာ တင်ပေးနေကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဝင်းဒိုးကွန်ပြူတာ တိုင်းအတွက် အရမ်းအသုံးဝင်တဲ့ ဆော့ဝဲ မို့ လူတိုင်း စက်တိုင်းလောက်နီးပါး အသုံးပြု့ကြပါတယ်။ အသစ်အသစ်တွေလည်းအများကြီး ထွက်လာနေတယ် အခု့ဆိုရင်Office 2013 
တောင်ထွက်နေပါပြီအသုံးလည်းပြု့နေကြပါတယ်။အခု့ဒါလေးကတော့အဟောင်းပါ။အသုံးပြု့ရတာရိုးရှင်း
ပြီးတော့ Crack လုပ်ရတာလည်း အ၇မ်းလွယ်ကူတဲ့အတွက် ကျနော် ဆိုဒ်မှာလည်း အမြဲတမ်း တင်ပေးခဲ့ပါ
တယ်။တင်ပေးရင်းတင်ပေးရင်းနဲ့ လင့်တွေကသေသေသွားလို့ အသစ်ပြန် upload ပေးနေရတယ်။
အခု့ဒီတခါတော့ 100 MB စီနဲ့ ၆ ဖိုင် 49 MB နဲ့ ၁ ဖိုင် အားလုံး 7 ဖိုင်ကို လင့် ၂ ခု့ကနေ ပြန်တင်ပေးလိုက်
ပါတယ်.အထဲမှာလည်းCrackဖိုင်တခါတည်းပါပြီးသားဖြစ်တဲ့ အပြင် Activate လုပ်တည်းနဲ့ installလုပ်နည်း
ကိုလည်း ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ်။ ပုံတွေ ဘာလို့ အားဖြည့်ထားသလည်း ဆိုတော့ ယခု့မှစပြီး
ကွန်ပြူတာ သုံးမယ့် သူတွေအတွက် လွယ်လွယ်ကူကူ အသုံးပြု့နိုင်အောင် အတွက်ရည်ရွယ်ပြီးတော့
ထပ်ထည့်ပေးထားတာပါ။ဆော့ဝဲ ကိုတော့ အောက်မှာဝင်ဒေါင်းပြီး Install လုပ်နည်း အဆင့်ဆင့်ကိုတော့
အောက်မှာ ထပ်လေ့လာလိုက်မယ်ဆိုရင် သဘောပေါက်နားလည်ပါလိမ့်မယ်။

DOWNLOAD FROM MILOSHARE(649.4 MB)

OFFICE 1 | OFFICE 2 | OFFICE 3 | OFFICE 4 |  
OFFICE 5 | OFFICE 6 | OFFICE 7 


DOWNLOAD FROM DEV-HOST(649.4 MB)

OFFICE 1 | OFFICE 2 | OFFICE 3 | OFFICE 4 |  
OFFICE 5 | OFFICE 6 | OFFICE 7 





အပေါ်က ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Part 1 ကို ကလစ် ၂ ချက်ခေါက်ပြီး

install လုပ်ရပါမယ်။အပိုင်း 7 ပိုင်း ရှိပေမယ့် အပိုင်း ၁ ခု့ ကို ဖြည်လိုက်တာနဲ့ တခြားဖိုင်တွေကိုလည်း

အော်တို ဖြည်သွားမှာပါ။တခု့ သတိထားရမှာကတော့ ဒေါင်းစဉ်တုန်းက ဖိုင်တွေကို တနေရာထဲမှာ

သိမ်းထားပေးပါ။

ပုံမှာရေးထားတာတွေကို ပြောပြမယ်နော်
 
1။ ဖိုင် ကို ကလစ် ၂ ချက် ခေါက်ပြီး ဖွင့်လိုက်ပါ။

2။ setup.exe လေးကို ထပ်ပြီးတော့ ကလစ် ၂ ချက်ခေါက်လိုက်ပါ

3။ကတော့ install လုပ်နေပါပြီ ခဏ စောင့်ပေးပါ


အပေါ်က ပုံအတိုင်းပေါ်လာပြီဆိုရင် 

1 ။ အမှန်ခြစ်လေးပေးပြီး လိုင်စင်သဘောတူညီမှု့လေးကို ယူလိုက်ပါ

2 ။ Continue ကိုနှိပ်ပြီးတော့ ရှေဆက်သွားပါ

Install Now ကိုနှိပ်လိုက်ပါ

အပေါ်က Install Now ကိုနှိပ်လိုက်တာနဲ့ အလုပ်လုပ်နေပါပြီ 

၁၀ မီးနစ် ကနေ မီးနစ် ၂၀ အထိကြာတက်ပါတယ် နည်းနည်းစောင့်ကြည့်ပေးပါ


Install လုပ်တာ ပြည့်စုံသွားပြီဆိုရင် အပေါ်က ပုံအတိုင်း ပေါ်လာမယ်

ဘာမှမလုပ်ပဲ Close ကိုနှိပ်ချလိုက်ပါ
ကဲ အခု့ Office ကို Activate လုပ်မယ်နော်။ဒေါင်းထားတဲ့ part 1 ဖိုင်စဖွင့်တုန်းက အထဲမှာ

ရှိနေပြီးသားပါ။ Key Activator ကို ကလစ် ၂ ချက်ခေါက်ပြီးတော့ဖွင့်လိုက်ပါ။

ဖိုင်ပွင့်သွားပြီဆိုရင် အထဲ က mini KMS activator ကို ကလစ် ၂ ချက်ခေါက်ပြီးထပ်ဖွင့်ပေးရပါမယ်။

ပုံထဲကအတိုင်းလေး run နေပါလိမ့်မယ် ခဏ စောင့်ပေးပါ

အပေါ်က ပုံကတော့ Administrator ရဲ့ ခွင့်ပြုချက်တောင်းတာပါ

YES ကိုနှိပ်ပြီးဆက်သွားလိုက်ပါ

YES ကိုနှိပ်လိုက်ပြီဆိုရင် အပေါ်က ပုံ လိုမျိုး ပေါ်လာမှာဖြစ်ပါတယ်။

ActivationOffice 2010 VL ကိုရွေးပေးရပါမယ်
ရွေးပေးလိုက်ပြီဆိုရင် အပေါ်က ပုံအတိုင်း cmd box ပေါ်လာမယ်

ပေါ်လာရင် နံပါတ် 1 ကို နှိပ်ပေးရပါမယ်. နှိပ်လိုက်တာနဲ့ Activate လုပ်နေပါပြီ.ခဏစောင့်လိုက်ပါ။

ပြီးသွားပြီဆိုရင် ကီးဘုတ်က ကြိုက်ရာခလုပ်နှိပ်ပြီးတော့ထွက်လိုက်ပါ။ Office ထဲက word ဖြစ်ဖြစ်

Excel တခု့ဖြစ်ဖြစ် ဖွင့်လိုက်ပါ။

Office ကိုဖွင့်လိုက်လို့ အပေါ်က ပုံအတိုင်းပေါ်နေတယ် ဆိုရင် အနီရောင်လေးထောင့်ကွက်

ထဲမှာပြထားတဲ့အတိုင်း အမှတ်ခြစ်ပေးလိုက်ပြီးတော့ OK ကိုသွားပါ။

OK ကို နှိပ်လိုက်တာနဲ့ Office ကို လိုင်စင်မတောင်းပဲနဲ့ အဆင်ပြေပြေ အသုံးပြု့လို့ရပါပြီ


 OFFICE 2010 Install လုပ်နည်းလေးကတော့ ဒါလေးပါပဲ ခင်ဗျာ


ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

ကိုလတ်(ကျွဲဆင်း)

Friday, February 28, 2014

ကွန်ပြူတာမှာဘာတွေလုပ်သွားလည်း ဆိုတာကိုပြန်စစ်ပေးနိုင်တဲ့ - QFX KeyScrambler Premium v3.3.0.4 + Patch

AP6wM 
မိမိကွန်ပြူတာမှာ ဘာတွေလုပ်သွားလည်း ဆိုတာကိုပြန်စစ်ပေးနိုင်တဲ့ Software လေးတစ်ခုမျှဝေပေး လိုက် ပါတယ်ဗျာ။ QFX KeyScrambler Premium v3.3.0.4 ကတော့နောက်ဆုံးထွက် Version လေးပါဒီကောင်လေး က Keyboard ပေါ်မှာရိုက်ထားသမျှ စာလုံးအားလုံးကို မှတ်ထားပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဘယ်လိုနေရာမျိုးတွေမှာအသုံးပြုနိုင်သလည်းဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်ဗျာ။ ဒါပေမယ့် Keylogger နဲ့မတူဘူးနော်။ ဒါပေမယ့် Keylogger လုပ်ဆောင်ချက်နဲ့တော့ တော်တော်များများတူပါတယ်ဗျာ။ အမြဲတမ်းသုံးနိုင်အောင် Patch File ကိုပါထည့်ပေးထားပါတယ်ဗျာ။32bit ရော 64bit နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်ဗျာ။
 

KeyScrambler encrypts your keystrokes in the kernel and decrypts it at the destination application, leaving Keyloggers with indecipherable keys to record. For your personal office, family, and business, KeyScrambler adds a reliable layer of defense. It works even on security compromised computers. It is compatible with other security programs and authentication methods such as tokens and smart cards. It requires no effort on your part and lets you see encryption live. For web browsing + work + play. KeyScrambler Pro protects all your inputs in IE, Firefox, Opera, and Flock, and nearly 80 other browsers and apps: Popular Browsers; Email Clients; IM/VoIP Clients; Password Managers; Zip Programs; Online Games; New! Text Editors.
Premium:
The most complete protection.
If you work in public places often, use the information-sensitive applications a lot, or own a business, KeyScrambler Premium is what you need. KeyScrambler Premium starts the minute you turn on your computer and protects all your inputs in over 170 browsers and applications, adding a unique line of defense to your PC security system against online information theft.

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။